လ - စက်တင်ဘာ 2014

အမြစ်စွဲနေခြင်း

ယောရှမင်းသည် အဖွားဖြစ်သူ မိဖုရား အာသလိ၏ မကောင်းမှုလုပ်ရပ်များကို သိရသော အခါ စိတ်ရှုတ်ထွေးပြီး တုန်လှုပ်သွားမည် မလွဲပါ။ ယုဒထီးနန်းကို ဆက်ခံရန် ဖွားတော်က သူ့ ညီအစ်ကိုများကို သတ်ဖြတ်ခဲ့သည်။ လသားအရွယ် ယောရှလေးကိုမူ အဒေါ်နှင့်ဦးရီးတော်တို့က ၆ နှစ်တိုင် လုံခြုံစွာ ၀ှက်ထားခဲ့သည်။ သူငယ် ယောရှလေးသည်  သူ့ကို ပြုစုစောင့်ရှောက်သူများ ၏မေတ္တာနှင့်သွန်သင်ဆုံးမမှုကို ခံယူခဲ့ရသည်။ ယောရှ ၇ နှစ်အရွယ်သာရှိချိန်တွင် သူ့ကို လျှို့ဝှက်စွာ ဘုရင်မြှောက်ပြီး သူ့အဖွားကို ဖယ်ရှား နန်းချခဲ့သည် (း၂၃း၁၂-၁၅)။
ဘုရင်ငယ်လေး ယောရှအနီး၌ ပညာနှင့် ပြည့်စုံသော အကြံပေး ဦးရီးတော်ယောယဒရှိသည်(၆ရာ ၂၂-၂၅)။ ယောရှမင်းသည် ရှားရှားပါးပါး ယုဒမင်းကောင်းများအနက်တစ်ပါးဖြစ်ပြီး သူ့ဦးရီးတော် အသက်ရှင်သမျှ ကာလပတ်လုံး တရားသောအမှုကိုပြုခြင်းဖြင့် ထာဝရဘုရားကို နာခံခဲ့သည်(၂၄း၂)။ သို့သော် သွန်သင်ဆုံးမသူ၊ လက်တွေ့ဦးဆောင်ပြသခဲ့သူ ဦးရီးတော် မရှိတော့သည့်နောက် တွင်…

သိမှတ်ခံရခြင်း

မိမိကို လူသိထင်ပေါ်လိုသောစိတ်နှင့် လူသိမည်ကို စိုးကြောက်သော စိတ်နှစ်ခုတို့မှာ ကျွန်ုပ်တို့၏ အကြီးမားဆုံးသော အတွင်းပဋိပက္ခ ဖြစ်သည်။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့် အညီ ဖန်ဆင်းခံရသော သတ္တ၀ါများအဖြစ် ကျွန်ုပ်တို့ကို ဘုရားသခင်သိသည်၊ အခြားသူများ လည်း သိသည်။ ကျွန်ုပ်တို့ လူသိခံရမည်။ သို့သော် လည်း ကျဆုံးပျက်စီးသော ဇာတိသဘောကြောင့် ကျွန်ုပ်တို့အားလုံးတွင် အပြစ်နှင့်အားနည်းချက်များ ရှိသည်။ ထိုအရာများကို လူသိမခံဝံ့ပါ။ ထို့ကြောင့်  `ဘ၀၏အမှောင်ခြမ်း´ ဟူသည့် ဝေါဟာရကိုသုံးပြီး မိမိဘ၀ရှိ လျှို့ဝှက်ထားသောအရာများကို ၀ှက်ထား သည်။ တစ်ဖန် `အကောင်းဆုံးခြေလှမ်း လှမ်းပြပါ´ ဟူသည့် ဆောင်ပုဒ်ဖြင့် အခြားသူများအား သူတို့၏ အကောင်းဆုံးဖက်ကိုပြရန် အားပေးသည်။
လူသိမခံဝံ့ဖြစ်ရခြင်း အကြောင်းရင်းမှာ ငြင်းပယ်ခံရမှာ၊ ကဲ့ရဲ့ခံရမှာကို စိုးသောကြောင့် ဖြစ်သည်။ သို့သော် ဘုရားသခင်က ကျွန်ုပ်တို့ကို သိသည်၊ ချစ်သည်၊ အဆိုးဝါးဆုံး ပြစ်မှားမှု…

ကိုယ်တော့်အကြောင်း ပြောလိုလှ

နာမည်ရစာရေးဆရာ စတပ် တာကယ် က သူနောက်ရေးမည့်စာအုပ်အတွက် ခေါင်းစဉ် ရှာနေစဉ် သူ့မိတ်ဆွေတစ်ဦးက `သေခြင်း´ အကြောင်းကို အကြံပြုခဲ့သည်။ အစတွင် သူက တုံ့ဆိုင်းနေငြားလည်း တဖြည်းဖြည်းနှင့်အတွေးက အကောင်အထည် ပေါ်လာသည်။ နောက်ဆုံး အသက်ခြောက်ဆယ်အရွယ် သူ့ဇနီး ကွယ်လွန် သွားသောအခါ ပို၍ပင်အဓိပ္ပာယ် ရှိလာသည်။ ထို စာအုပ်မှာ ရှေ့မှာ ဘာဖြစ် လာမည်ကို သိလိုစိတ်၊ သူ ချစ်ရသူ မည်သည့် နေရာသို့ ရောက်ရှိသွားသည်ကို သိလိုစိတ်ဖြင့် ကိုယ်တိုင်စူးစမ်း ရှာဖွေထားသော စာအုပ် ဖြစ်သည်။ စာမျက်နှာတိုင်းက ယေရှုကို မိမိ ကိုယ်တိုင်ရှာဖွေမှု၊ ယုံကြည်ခြင်းခရီးကို လျှောက် လှမ်းစဉ် ကျွန်ုပ်တို့၌ရှိသည့် ထာဝရကာလနှင့်ဆိုင် သည့် မေးခွန်းများ၊ စိုးရိမ်မှုများကို သတိပေးလာ သည်။
ယေရှုကို ယုံကြည်လျှင် အပြစ်များ ခွင့်လွှတ်ပြီး၊ သေဆုံးပြီးနောက် ကိုယ်တော် နှင့်အတူ…

ဘုရားထံ အပ်နှံခြင်း

ဒုတိယကမ္ဘာစစ်ကြီး နောက်ပိုင်း မွေးဖွားသော မျိုးဆက်သစ်အတွက် အမျိုးသမီး သူရဲကောင်း ကော်ရီ တန်းဘွန်းက ဘုရားတရား ကြည်ညိုခြင်း၊ ဥာဏ်ရည်မြင့်မားခြင်း အမွေအနှစ် ကို ချန်ထားခဲ့ပါသည်။ သူသည် နယ်သာလန်ကို သိမ်းပိုက်ထားသော နာဇီတပ်၏ သားကောင်ဖြစ်ခဲ့ရ ပြီး ကြောက်မက်ဖွယ် နှိပ်စက်ခံရသည့်ကာလ၌ သူမ၏ ယုံကြည်ခြင်းနှင့် ဘုရားကိုအားကိုးခြင်း အကြောင်းကို ပြောပြရန် အလို့ငှာ အသက်ရှင်ကျန် ခဲ့သူဖြစ်သည်။
“ကျွန်မလက်ထဲမှာ အရာများစွာကို ကျွန်မ ဆုပ်ကိုင်ထားပြီး အားလုံးကို ဆုံးရှုံးခဲ့ရတယ်။ ဒါပေမဲ့ ဘုရားလက်ထဲ ထားခဲ့တဲ့အရာကိုတော့ ယနေ့ ထိတိုင် ပိုင်ဆိုင်ရဆဲ”ဟု ကော်ရီပြောခဲ့ဖူးသည်။
ကော်ရီသည် ဆုံးရှုံးမှုများနှင့် အကျွမ်းဝင်သူဖြစ်သည်။ မိသားစုကို ဆုံးရှုံးခဲ့ရ သည်။ ဥစ္စာပိုင်ဆိုင်မှုများ ဆုံးရှုံးခဲ့ရသည်။ မုန်းစရာကောင်းသူများကို မုန်းတီးခဲ့သည့် အချိန်များအားဖြင့်  သူ့ဘ၀အချိန်နှစ်ပေါင်းများစွာကို ဆုံးရှုံးခဲ့ရသည်။ သို့သော် ဘုရား၏ လက်တော်သို့ အရာခပ်သိမ်းကို…

ဆုတောင်းလိုသော စိတ်နှလုံးသား

    လေယာဉ်ခရီးသွားစဉ် မိခင်ငယ်တစ်ဦးမှာ အခြားခရီးသည်များအတွက် အနှောင့်အယှက် မဖြစ်အောင် သူ၏ ၄ နှစ်အရွယ်နှင့် ၂ နှစ်အရွယ် သမီးနှစ်ဦးကို ထိန်းရင်း အလုပ်ရှုတ်နေသည်။ ထိုစဉ် အင်တာကွန်းမှတဆင့် လေယာဉ်မှူး၏ အသံပေါ်လာရာ အငယ်မလေး ကက်သရင်းက ဆော့နေရင်းမှ ခေါင်းကိုအောက်သို့ ငိုက်ချလိုက် သည်။ လေယာဉ်မှူး၏အသံဆုံးသွားသောအခါ သူမက ‘အာမင်’ ဟု တိုးတိုးလေး ရေရွတ်လိုက် သည်။ မကြာမီက သဘာဝဘေးဒဏ်နှင့် ကြုံခဲ့ရခြင်း ကြောင့် လေယာဉ်မှူး ဆုတောင်းနေခြင်းဟု သူ ထင်သွားသည်။
ထိုကလေးမကဲ့သို့ပင် ကျွန်မအတွေး
များကို ဆုတောင်းခြင်းသို့ ဦးတည်စေသော နှလုံးသားကို လိုချင်မိသည်။ ဆာလံဆရာဒါဝိဒ်၌ ထိုနှလုံးသားမျိုးရှိခဲ့ကြောင်း ကျွန်မစဉ်းစားမိသည်။ ဆာလံ ၂၇ မှ အချက်များအရ ခက်ခဲသောရန်သူများကို ရင်ဆိုင်ရသောအခါ သူက “ကိုယ်တော်၏မျက်နှာတော်ကို ကျွန်ုပ်ရှာဖွေပါမည်” (း၈)ဟုဆိုသည်။ အချို့က…

အပြစ်တင်တမ်း ကစားပွဲ

ဂျင်းနီ၏ ခင်ပွန်းက သူ့ကိုစွန့်ပြီး နောက်အိမ်ထောင်ပြုသွားရာ၊ ထို နောက်မိန်းမနှင့် ဘယ်တော့မှမတွေ့ရန် ဂျင်းနီ စိတ်ဖြတ်ထားသည်။ သို့သော် သူခံစားရသော ခါးသည်းမှုကြောင့် သား သမီးနှင့်ဖခင်တို့၏ဆက်ဆံရေး ထိခိုက်ပျက်စီးစေ သဖြင့် သူမပြောင်းလဲနိုင်သော အခြေအနေ၊ ခါးသည်းမှုကို အောင်နိုင်ရေး ပထမခြေလှမ်း လှမ်း နိုင်အောင် ဘုရားသခင်ထံမှမစမှု တောင်းခံခဲ့သည်။
ကမ္ဘာဦးကျမ်း ၁၀ တွင် ဘုရားသခင်က သားပေးမည်ဟု ကတိပေးထားသည့် ဇနီးမောင်နှံ အကြောင်း ဖော်ပြထားသည်။ စာရဲက ဘုရားသခင် ကတိထားသောသားကို ရမည်ဟု စိတ်နှလုံး အကြွင်းမဲ့မယုံသဖြင့် အာဗြံကို သူ့ကျွန်မဟာဂရနှင့် သားသမီးယူရန် အကြံပေးခဲ့သည်။ ကလေးမွေးလာ သောအခါ ဟာဂရက စာရဲကို မထီမဲ့မြင်ပြုသဖြင့် (က ၁၆း၃-၄) နာကျင် ခါးသည်းမှုကို စာရဲခံစားရတော့သည် (း၅-၆)။
ဟာဂရက ကျွန်မဖြစ်၍ မည်သည့်အခွင့်အရေးကိုမှ ရပိုင်ခွင့်မရှိသော်လည်း ရုပ်ခြည်းပင်…

သိမ်မွေ့နူးညံ့သောယေရှု

ဆရာကြီး ချားလ်စ် ၀က်စလီ (၁၇၀၇-၁၇၈၈)သည် မက်သဒစ် ဧ၀ံဂေလိဆရာတစ်ဦး ဖြစ်ပြီး ဓမ္မသီချင်းပေါင်း ၉၀၀၀ ကျော်နှင့် ကဗျာများ ရေးစပ်ခဲ့သည်။ “နှုတ်လျှာတစ်ထောင်ဖြင့် ချီးမွမ်း ခြင်းကျူး — O For a Thousand Tongues to Sing” ဓမ္မတေးမှာ အံ့မခန်းသော ချီးမွမ်းသီချင်းဖြစ်သည်။ သို့သော် ၁၇၄၂ ခုနှစ်က ပထမဦးဆုံး ပုံနှိပ်ထုတ်ဝေ သည့် “နူးညံ့သိမ်မွေ့နှိမ့်ချသည့် ယေရှု — Gentle Jesus, Meek and Mild” ကဗျာမှာ ကလေးငယ်တစ်ဦး၏ တိတ်ဆိတ်သော ပဌာနာ ဖြစ်သည်။ ကျွန်ုပ်တို့သည် အရိုးခံစိတ်၊ သာမန် ယုံကြည်ခြင်းလေးဖြင့် ကိုယ်တော်ကို မည်သို့ရှာဖွေ ရမည်ကို ရေးသားစပ်ဆိုထားသည်။
ချစ်မြတ်နိုးဖွယ်ယေရှု၊ သိမ်မွေ့သောသိုးငယ်၊
ကိုယ်တော်၏ကရုဏာ လက်တော်၌ ကျွန်ုပ်ရှိပေ။
ကိုယ်တော်အလိုတော်ရှိသည့်အတိုင်း အကျွန်ုပ်ကို…

လုံးဝမစဉ်းစားတော့ပါ

ခရစ်တော်ကို ယုံကြည်ခါစက ကျွန်တော့်အသက်တာမှာ ကြိုတင်တွေးဆမှုများဖြင့် ၀န်လေးခဲ့သည်။ သခင်ယေရှု ပြန်လာသောအခါ ကျွန်တော့် အပြစ်များအားလုံးကို လူတိုင်းမြင်အောင် ပိတ်ကားကြီးပေါ် ထိုးပြမည်ဟု ထင်ခဲ့သည်။
သို့သော် ဘုရားသခင်က ကျွန်တော် အပြစ်များ တစ်ခုမကျန်ကို သတိမရကြောင်း ယခု ကျွန်တော်သိပြီ။ အပြစ်များအားလုံးကို အနက်ဆုံး ပင်လယ်ထဲ မြှုပ်နှံခဲ့ပြီး ဘယ်တော့မှ ပြန်လည် ဖော်ထုတ်စစ်ဆေးမှု မရှိတော့ပါ။
ဆရာမ အေမီကာ မိုက်ကယ်က ဤသို့ ရေးသားခဲ့သည်။ “မနေ့တစ်နေ့က ကျွန်မ၏အတိတ် အကြောင်းကို ၀မ်းနည်းစွာ ပြန်တွေးမိသည်။ အပြစ်များ၊ ပျက်ကွက်မှုများ၊ မဖြည့်ဆည်းနိုင်မှုများ စသည်ဖြင့် အကြောင်းမျိုးစုံလှသည်။ ဟေရှာ ၄၃း၂၄ကို ဖတ်ပြီး မိမိကိုယ်ကို မြင်လာသည်။ ‘သင်သည် ဒုစရိုက်အပြစ်နှင့် ငါ့ကိုအမှုထမ်းစေပြီတကား၊ အဓမ္မမှုကိုပြု၍ ငါ့ကိုပင်ပန်းစေပြီတကား။’ (း၂၄ -၂၅) တွင် မည့်သည့်ကွက်လပ်မှမရှိ တဆက်တည်း ဖြစ်ကြောင်းကို…

သူရဲကောင်းငယ်

ထောင်ထောင် မောင်းမောင်းနှင့် ရန်သူ ကြီးက ဧလာချိုင့်ဝှမ်းသို့ ဟန်ပါပါ လျှောက်လာ သည်။ အရပ်(၉)ပေမြင့်ပြီး သတ္တုစများစွာဖြင့် ပြုလုပ်ထားသော သူ့သံချပ်ကာအင်္ကျီက နေရောင် အောက်၌ တလက်လက် တောက်ပနေသည်။ သူ့လှံအရိုးတွင် ကြိုးတပ်ထားပြီး လေထဲ မြှောက်ကာ ပိုဝေးသော ပစ်မှတ်ကို ထိအောင် ပစ်နိုင်သည်။ ဂေါလျက်ကြီး မအောင်မြင် မနှိမ်နင်း နိုင်သည့်အရာ ရှိပုံမပေါ်။
သို့သော် ဒါဝိဒ်က ပိုကောင်းသော အရာကို သိထားသည်။ ဂေါလျက်က သူရဲကောင်း ပုံပေါက်ပြီး သူရဲကောင်းကဲ့သို့ ပြုမူစေကာမူ ဘုရားသခင်နှင့် နှိုင်းဆကြည့်ပါက သူသည် အသေးအမွှားသာဖြစ်သည်။ ဒါဝိဒ်သည် ဘုရားသခင်ကို မှန်ကန်စွာမြင်သောကြောင့် အခြေအနေမှန်ကို ပိုင်းခြားသိမြင်ခဲ့သည်။ သူသည် ဂေါလျက်အား ဘုရားသခင်၏ဗိုလ်ခြေတပ်ကို အံတုကြိမ်းမောင်းနေသူ အဖြစ်သာ မြင်သည် (၁ရာ ၁၇း၂၆)။ သူသည် သိုးထိန်းဝတ်စုံ၊ သိုးထိန်းတောင်ဝှေး၊ ကျောက်ခဲငါးလုံး၊ လောက်လွဲတစ်ခုဖြင့်သာ…

ကယ်တင်ရန် မွေးဖွားခြင်း

နယူးယော့ မြို့တော်တွင် ၂၀၀၁ ခုနှစ် စက်တင်ဘာ (၁၁) ရက်နေ့က အကြမ်းဖက် တိုက်ခိုက်ခံရပြီး အမွှာမျှော်စင် ပြိုကျပျက်စီး ခဲ့ပြီးနောက် စင်သီယာ အော်တိုသည် ရှာဖွေ ကယ်ဆယ်ခြင်း လုပ်ငန်းအတွက် ခွေးများကို လေ့ကျင့်သင်ကြားပေးခဲ့သည်။ နှစ်အနည်းငယ် ကြာပြီးနောက် သူမသည် ခွေးစင်တာတစ်ခု ထူထောင်ပြီး ကပ်ဘေးအန္တရာယ်ကြုံရသည့် ဓားစာခံများကိုကူညီရန် ခွေးများကို အထူးလေ့ကျင့် သင်တန်းပေး ပြင်ဆင်သည်။
ဤကယ်ဆယ်ရေး သတ္တ၀ါလေးများနှင့် စပ်လျဉ်း၍ အော်တိုက “ယခုအခါ ခွေးများကို အသုံးချနိုင်သည့် ကိစ္စများစွာရှိနေပါပြီ။ ... သူတို့က အသက်ကယ်နိုင်ပါပြီ” ဟု မှတ်ချက်ပေးသည်။ တစ်နေ့တစ်ချိန်တွင် ဤခွေးများသည် အသက် အန္တရာယ်ကို ခြိမ်းခြောက်သောအခြေအနေကိုကြုံရသူများအတွက် ကြီးမားအရေးပါသော အထောက်အကူ ဖြစ်လာမည်ဟုဆိုသည်။ ၎င်းတို့သည် သူတစ်ပါးကို ကူညီကယ်တင်ရန် မွေးဖွားလာကြသည်။
မေရှိယသည် အပြစ်စီရင်ခြင်းဒဏ်မှ ကျွန်ုပ်တို့ကို ကယ်တင်ရန် လူ့ဇာတိခံ၍ မွေးဖွားလာသည်ဟု သမ္မာကျမ်းစာက…